Main menu

ဂေါ်ရခါးစိုက်ပျိုးမှုတိုးတက်လာခြင်းနှင့် ဈေးကွက်ချဲ့ထွင်လာမှု

Powered by Drupal

    ရှမ်းပြည်နယ်တောင်ပိုင်းတွင်စိုက်ပျိုးသောဂေါ်ရခါးသီးများသည် အရည်အသွေးကောင်း၊ အထွက်နှုန်းမြင့်မား သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ရခါးသီနှံဟာစိုက်ပျိုးရလွယ်ကူသောသီနှံဖြစ်၍ စိုက်ခင်းထိန်းသိမ်းမှုလွယ်ကူခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်းရှိကြောင်းသိရှိရပါသည်။ထိုသီးနှံဟာ တောင်တန်းဒေသနှင့် ကိုက်ညီသော သီနှံဖြစ်ပြီး နှစ်ပတ်လည် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးလာကြပါသည်။‌ဂေါ်ရခါးသီးနှံမှာ အသီးဈေးကွက်၊အရွက်အညွှန့်ဈေးကွက်အပေါ်မှီတည်၍ အသီးစား၊အရွက်အညွှန့်စားစိုက်ခင်းအဖြစ်ခွဲခြား စိုက်ပျိုး ကြောင်းသိရှိရပါသည်။ရှမ်းပြည်နယ်တောင်ပိုင်းသည် သဘာဝမြေဆီဩဇာ ကောင်းမွန်မှု၊ ရာသီဥတု ကောင်းမွန်မှု ကြောင့် စိုက်ပျိုးထွက်ရှိသော ဂေါ်ရခါးသီးဟာအရသာ ကောင်းမွန်ပြီး အသီးသန့်အရွယ်အစား ကောင်းမွန်မှုရှိကြောင်း တွေ့ရှိရသည်။

      အထွက်ကောင်းသောသီးနှံဖြစ်၍ ဝယ်လိုအားလည်းမြင့်မားလာမှုကြောင့် ကျယ်ပြန့်လာသော ဈေးကွက်လဲ ပိုင်ဆိုင်ထားပါသည်။စဉ်ဆက်မပြတ်ထွက်ရှိမှုနှင့်ဈေးကွက်လိုအပ်ချက်အရအချိုးညီသီးနှံဖြစ်ကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းထွက် ဂေါ်ရခါးသီးနှံမှာ တွက်ခြေကိုက်၍တိုးချဲ့စိုက်ပျိုးလာမှုတို့ကြောင့် စိုက်ပျိုးရေးနယ်ပယ် တွင် ဒေသထွက်အမှတ်တံဆိပ်ရ သီးနှံဖြစ်လာနိုင်ကြောင်း ခန့်မှန်းသုံးသပ်ရပါသည်။

DOCA(ရှမ်း)