
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရေးဆွဲထားသော အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်းအား ပြင်ဆင် ဖြည့်စွက်နိုင်ရန်အတွက် ဆွေးနွေးအကြံပြုပေးပါရန် ရုံးချုပ်မှလမ်းညွှန်မှုအရ ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲအား Online (Zoom Meeting) ဖြင့် ကျင်းပခဲ့ရာ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်း ရေးဆွဲထားပြီးဖြစ်ရာ အတည်ပြုရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများမှ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်း၏ အားနည်းချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများမှ ဆွေးနွေးအကြံပြုကြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းပေးပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးများ မှ ဝန်ထမ်းများက Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
