
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၁၁.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးပေးခြင်း၊ My Ro ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
