Main menu

အမေရိကန်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်သွင်းရန် ဗီယက်နမ်စီစဉ်

Powered by Drupal

              ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien သည် ဗီယက်နမ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများအဆင့်မြှင့်တင်ရန်နှင့် အမေရိကန်စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များတင်သွင်းမှုတိုးချဲ့ရန်အတွက် နီဘရာစကာပြည်နယ်ကိုယ်စားပြု ရီဘတ်ဘလီကန် ပါတီဝင် အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Adrian Smith နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့က ဝါရှင်တန်ဒီစီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးတွင် နီဘရာစကာ ပြည်နယ်ပါဝင်သော ဗီယက်နမ်-အမေရိကန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအလားအလာနှင့် လတ်တလောလုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါသည်။ Dien က ယခုနှစ် အစမှစ၍ ဗီယက်နမ်နှင့် အမေရိကန်အပြန်အလှန်အကောက်ခွန်ညှိနှိုင်းဆွေးနွေးခဲ့ချိန်မှစ၍ ဗီယက်နမ်သည် အမေရိကန်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်သွင်းရန် ကတိကဝတ်ပြုခဲ့ ကြောင်း၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ဘိုင်အိုဒီဇယ်ထုတ်လုပ်ခြင်းတွင်အသုံးပြုမည့် အီသနောထုတ်လုပ်ခြင်းတွင်အသုံးပြုရန်အတွက် အမေရိကန်ထံမှ အရည်အသွေးမြင့်ပြောင်းကို တင်သွင်းရန် စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့ပါသည်။ နီဘရာစကာပြည်နယ်မှ အမဲသား သည်လည်း ဗီယက်နမ်စားသုံးသူများကြား နာမည်ကျော်ကြားကြောင်း သိရပါသည်။ ဝန်ကြီးကဗီယက်နမ်နှင့် အမေရိကန်တို့သည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုယန္တယားများတည်ထောင်ပြီး ထိုမှတစ်ဆင့် အပြန်အလှန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်နွယ်မှုပိုမိုနက်ရှိုင်းရန် ကူညီပေးနိုင် မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အစမှစ၍ ဗီယက်နမ်၏ အမေရိကန်ထံမှ တင်သွင်းမှုမှာ သိသာစွာမြင့်တက်ခဲ့ပြီး ချည်မျှင်ဝယ်ယူမှုမှာ ၁၂၆ ရာခိုင်နှုန်း၊ ပင်လယ်စာမှာ ၈ ရာခိုင်နှုန်း၊ ပြောင်းနှင့် ပဲပိစပ်များဝယ်ယူမှုမှာ ၃၅ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ထို့ပြင်ဗီယက်နမ်သည် များစွာသောလေယာဉ်များဝယ်ယူမည့်စာချုပ်များကို အမေရိကန် လေယာဉ်ထုတ်လုပ်သူများနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Smith က Dien ၏ လည်ပတ်မှုကို ကြိုဆိုခဲ့ပြီး လတ်တလောအပေါင်းလက္ခဏာဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှုများ သည် အပြန်အလှန်ကုန်သွယ်‌ရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် သင့်လျော်ကောင်းမွန် သောအခြေအနေကိုဖန်တီးပေးကြောင်းနှင့် နှစ်ဖက်စလုံးသည် အပြန်အလှန်ကုန်သွယ်ရေးညှိနှိုင်း ဆွေးနွေးမှုများမကြာခင်ပြီးမြောက်ရန် မျှော်လင့်ကြောင်းနှင့် ထိုသဘောတူညီချက်သည် အပြန် အလှန်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဓိပ္ပါယ်ရှိသော အကျိုးအမြတ် များကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)