
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မြို့မရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကျော်ကမ္ဘာသောက်ရေသန့် လုပ်ငန်းရှင်ဦးအောင်လွင်ဦးနှင့် (၁၈.၁၁.၂၀၂၅ )ရက်နေ့၊ နံနက်(၁၀:၀၀ )နာရီအချိန်တွင်၊ မိုးညိုမြို့နယ်တာဝန်ခံဦးမောင်မောင်အေးမှတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
