Main menu

မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

              (၁၉.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး သည် မှော်ဘီမြို့နယ်တပ်ကြီးကုန်းကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက တပ်ကြီးကုန်း ကျေးရွာ၌ စားသုံးသူ (၁၅) ဦးအား ဌာန၏ဆောင်ပုဒ်၊ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ကုန်အညွှန်းအမှတ်အသားဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ Call Center (1535) သို့လည်း သိလိုသည်များမေးမြန်း စုံစမ်းနိုင်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)