
မြင်းခြံမြို့နယ်၌ ပဲကြားဆောင်းသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင် စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့်အကြာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းရကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ပဲကျားဆောင်းသီးနှံ စီမံကိန်းဧက(၂၃၀၀)လျာထား ဧကအနက် စိုက်ပျိုး ပြီးဧက (၁၀၀၀)ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား လျာထား ချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ပဲကြား(ဆောင်း)သီးနှံကို ဒါးကျွန်းကျေးရွာ၊ နတ်ညွှန်းကျေးရွာ၊ အနိမ့်ရွာ၊ ဖိုးတုတ်ဖြူရွာနှင့် ကွမ်းစိုက်ရွာများတွင်စိုက်ပျိုးထားကြောင်း၊ ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအာစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် (၄၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၉-၁၀) တင်းခန့်ထွက် ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်ပေါ်ချိန်တွင် ပဲကြားတစ်တင်းလျှင် (၁၃၃၀၀၀) ကျပ် ဝန်းကျင်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပဲကြား(ဆောင်း)သီးနှံကို ရာသီဥတု၊ အပင်ပြုစုမှု၊ သွင်းအားစုများနှင့် အချိန်မှန်ရေတင်ပေးပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်း နိုင်မည်ဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
