Main menu

မအူပင်မြို့နယ် အတွင်းရောင်းချနေသာ ဘဲဥ၊ ကြက်ဥနှင့် ဆေးဘဲဥ ဈေးနှုန်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရပ်ကွက်ဈေးများတွင် ကြက်ဥနှင့် ဘဲဥဈေးနှုန်းများမှာ ပုံမှန်အမြင့်ဈေးအတိုင်း ဆက်လက်တည်ရှိနေပြီး၊ ကြက်ဥတစ်လုံး ၄၀၀ ကျပ်မှ ၄၅၀ ကျပ်အထိ၊ ဘဲဥတစ်လုံး ၅၀၀ ကျပ်မှ ၅၅၀ ကျပ်အထိ ရှိကြသည်။ ငုံးဥ ၁၀၀ လုံးဈေးက ၁၀၀၀၀-၁၁၀၀၀ ကျပ်အထိ မြင့်တက်နေပြီး ဆေးဘဲဥတစ်လုံး ၁၂၀၀ ကျပ်ဈေးရှိသည်။ ပင်ရင်းဈေးများတွင် ကြက်ဥသည် ၃၇၀ ကျပ်မှ ၄၂၀ ကျပ်၊ ဘဲဥ ၃၅၀ ကျပ်မှ ၅၀၀ ကျပ်နှင့် ငုံးဥတစ်လုံး ၉၅ ကျပ်၊ ဆေးဘဲဥ ၇၀၀-၈၀၀ ကျပ်ရှိကြောင်း ဩဂုတ်လက ကြက်ဥ၊ ဘဲဥ၊ ပုံမှန်ဖြစ်နေပြီး ငုံးဥ အလုံး ၁၀၀လျှင် ၈၀၀၀-၉၀၀၀ကျပ်သာရှိပြီး ဆေးဘဲဥ ၁လုံးလျှင် ၉၀၀ကျပ်သာ ရှိပြီး ယခု ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ငုံးဥ ၂၀၀ကျပ်၊ ဆေးဘဲဥ ၃၀၀ကျပ် မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဆေးဘဲဥ ရောင်းချသောဒိုင်မှ သိရသည်။

DOCA(ဧရာဝတီ)