
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင် ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင် ရောင်းချနေသော ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၇၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၉၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၆၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း သိရှိ ရပါသည်။
DOCA(စစ်ကိုင်း)
