Main menu

နိုဝင်ဘာလတတိယပတ်ရှိစားတော်ပဲစျေးကွက်

Powered by Drupal

                  စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊တကောင်း၊စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းစားတော်ပဲအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယ ပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၃၀၀၀၀ ကျပ်နှင့် ၄၂၀၀၀၀ ကျပ်၊စားတော်ပဲ(ကျွန်း)၈၈၀၀၀၀ ကျပ်၊တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၅၇၀ကျပ်နှင့် ၇၀၈၉ကျပ်၊စားတော် ပဲ(ကျွန်း)၁၄၈၅၂ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ် ကာလတူ တစ်ပိဿာ ပေါက်စျေးမှာ စားတော်ပဲ (ကနေဒါ) ၈၁၀၁ကျပ်နှင့် ၈၄၃၉ကျပ်၊ စားတော်ပဲ (ကျွန်း)၆၇၅၁ကျပ်နှင့်၇၂၅၇ကျပ် ဖြစ်ပြီး၊ ယခုနှစ် နှင့်ယခင်နှစ် ကာလတူစျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကျွန်း)စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)