
ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျှက် ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်မတ်ပဲ(ကျောက်စရစ်)၂၄၅၀၀၀ ကျပ်၊ မတ်ပဲ ၂၀၀၀၀၀ ကျပ်နှင့် ၂၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်)၄၀၈၃ ကျပ်၊ မတ်ပဲ ၃၃၃၃ ကျပ်နှင့် ၃၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ကောင်း) ၅၅၀၀ကျပ်နှင့် ၅၃၃၃ ကျပ်၊ မတ်ပဲ(ညံ့)၅၀၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေး နှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွား ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
