Main menu

လိမ္မော်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

       လိမ္မော်သီး(Orange)သည် လိမ္မော်ရောင်ရင့်ရင့်နှင့် အနီရောင်ဘက်သန်းသောအသီးဖြစ်သည်။ ချိုချဉ်အရသာရှိ‌သောအသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်စီကြွယ်ဝသည်။ အမျှင်ဓာတ်ကြွယ်ဝ သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေသလို ဝမ်းမှန်စေဖို့အထောက်အကူပေးသည်။ လိမ္မော်သီး ကို မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ထူးလိမ္မော်ခြံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါ မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင် တောင်ကျေးရွာစသည်တို့တွင် လိမ္မော်ပင်များစိုက်ပျိုးကြသည်။ လိမ္မော်သီးကို ရန်ကုန်၊ နေပြည်တော်၊  မော်လမြိုင်စသည့်မြို့များသို့ အများဆုံးတင်ပို့ကြကြောင်း သိရှိရသည်။ လိမ္မော်သီးကို ၂၀၂၅ ခု နှစ် ၊ နိုဝင်ဘာလတတိယပတ်အတွင်း မန္တလေးမြို့၊ မြို့ဟောင်းဈေး၌ အမျိုးကောင်းအလုံးသန့် (၁၀) လုံးလျှင် (၇၀၀၀)ကျပ်၊ အလယ်အလတ်တန်းစား (၁၀)လုံးလျှင် (၆၀၀၀)ကျပ်နှင့် ရိုးရိုးအလုံး (၁၀) လုံးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ 

DOCA (မန္တလေး)