
မန္တလေးဈေးကွက်သို့နတ်တော်လဆန်းအတွင်း ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ် တောင်ပိုင်း ဒေသများမှ ထွက်သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ ကုန်စိမ်းများ အများအပြား ဝင်ရောက်လျက်ရှိ ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်းတွေ့ရသော ခါကြက်ဥ(ခေါ်) မုန်လာ ဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုး အစား(၂)မျိုးရှိပြီး တစ်နှစ်ပတ်လုံး ဝင်ရောက် သည့်ကုန်စိမ်း အမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက် ဈေးမှာ တစ်ပိဿာလျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီ ထိုင်ဝမ်မျိုး ၈၀၀၀ ကျပ် နှင့် ၈၅၀၀ ကျပ်၊ လက်လီဈေးနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၇၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရှိရ ပါသည်။
DOCA (မန္တလေး)
