Languages

Main menu

စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့သည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) အဖွဲ့အား လက်ခံတွေ့ဆုံ

Powered by Drupal

            ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့သည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Senior Deputy Representative ဖြစ်သူ Mr. Kim Jihoon ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့ပါသည်။

             လက်ခံတွေ့ဆုံရာတွင် KOICA အဖွဲ့မှ မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသော အစား အစာဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး(Food Safety)နှင့် အပင်၊ တိရစ္ဆာန်သန့်ရှင်းရေးနှင့် ရောဂါ ဘယကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများသည် အလွန်ကျယ်ပြန့်ပါကြောင်း၊ အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ အစိုးရဌာနများနှင့်လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားပါကြောင်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မိမိတို့ဦးစီးဌာနတွင် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM)(လှည်းကူး) ကို ၁၉၈၅ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး လယ်ယာထွက်ကုန်များ၏ အရည်အသွေးကို စစ်ဆေးသည့်လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  လယ်ယာထွက်ကုန်ပစ္စည်းများကို စမ်းသပ်စစ်ဆေးသည့် CTQM ရှိ ဓါတ်ခွဲခန်းများနှင့် စပ်လျဉ်း၍ လက်ရှိတွင် ဆောင်ရွက်နေသည့် အခြေအနေများ၊ အနာဂါတ် တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

          ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင်  စတင်ဆောင်ရွက်မည့် စီမံကိန်းအသစ်အတွက် အပင်၊ တိရစ္ဆာန် သန့်ရှင်းရေး နှင့် ရောဂါဘယကင်းရှင်းရေးဆိုင်ရာ အတားအဆီးများ (Sanitary and Phytosanitary) SPS နှင့် ပတ်သက်ပြီးအကြို Survey  ပြုလုပ်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ