Main menu

ဆောင်းရာသီကန်စွန်းဥဈေးကွက်အရောင်းသွက်

Powered by Drupal

           စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်းသိရှိရပါသည်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရ ပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာ လက္ကား စျေးမှာ (ငချိတ်ရောင်) ၃၅၀ဝကျပ် မှ ၃၇၀ဝ ကျပ်၊ (လိမ္မော်ရောင်) ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်၊ လက်လီစျေး (ငချိတ်ရောင်)၄၀၀ဝိ/-မှ၅၀၀ဝိ/-၊ (လိမ္မော််ရာင် ၃၅၀၀ ကျပ်နှင့် ၃၈၀၀ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ဆောင်းရာသီစာကန်စွန်းဥမှာ စျေးနှုန်းချိုပြီး အရောင်းသွက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA (မန္တလေး)