
မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးကြရာမှ ထောပတ်ပဲကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံး စိုက်ပျိုးကြပါသည်။ ထောပတ်ပဲ(မိုး)ကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး နိုဝင်ဘာ၊ဒီဇင်ဘာ လများတွင်ရိတ်သိမ်းကြကြောင်း၊ ထောပတ်ပဲ(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရကြောင်း သိရပါသည်။
ထောပတ်ပဲကိုရာသီပေါ်ချိန်၌ ဈေးကောင်းရသဖြင့် အစိုခူးဆွတ်၍ မိတ္ထီလာဈေးကွက် ရောင်းချမှုများလည်းရှိကြောင်း၊ ဈေးကွက်အတွင်း ယခု နိုဝင်ဘာလတတိယပတ်တွင် ပွဲရုံများ၌ တောင်သူ လက်ကျန် ထောပတ်ပဲအဝင်ရှိသော်လည်း ယခုနှစ်ထွက်ရှိသော ထောပတ်ပဲမှာ အစိုအနေဖြင့်သာ ဈေးကွက်အဝင်ရှိသေးကြောင်း၊ ဈေးနှုန်းအနေဖြင့် ထောပတ်ပဲအစို တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ထောပတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် တောင်သူများအနေဖြင့် ထောပတ်ပဲအစို ဈေးကောင်းရ၍ ခူးဆွတ်ရောင်းချမှုများကြောင်း၊ ဈေးကွက်အနေဖြင့် လှိုင်လှိုင်ပေါ်ချိန်တွင် မန္တလေးသို့အဓိက တင်ပို့ရောင်းချကြကြောင်း ပဲမျိုးစုံပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)
