
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးထားရှိသည့် နှမ်းစိုက်ခင်းများ ဖြစ်ထွန်းမှုအားနည်းလျက်ရှိကြောင်း၊ ညောင်ဦးမြို့နယ်၊ မင်းနန်းသူကျေးရွာမှ ဆောင်းသီးနှံစိုက်ပျိုးသည့် ဒေသခံများထံမှသိရသည်။
ဆောင်းသီးနှံကို နှစ်စဉ် တော်သလင်းလဆန်း ဒုတိယပတ်တွင်စိုက်ပျိုးကြပြီး၊ တန်ဆောင်မုန်း လကုန်တွင် ရိတ်သိမ်းကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နောက်ကျသဖြင့် သီးတင်းကျွတ်လဆန်း ပိုင်းမှ စိုက်ပျိုးရသောကြောင့် ဆောင်းနှမ်းများအပင်ငယ်ငယ်နှင့် အပွင့်များပွင့်၍ အသီးများ သီးနေခြင်းများကြောင့် ယခုနှစ်နှမ်းအထွက်နှုန်းလျော့ကျနိုင်ကြောင်း နှမ်းစိုက်တောင်သူများထံမှသိရသည်။၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင်(၉၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၂၅၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပွဲရုံများထံမှ သိရသည်။
DOCA(မန္တလေး)
