Main menu

ကြက်သားဈေးနှုန်း

Powered by Drupal

             မန္တလေးမြို့တွင်ရောင်းချလျက်ရှိသည့်ကြက်သားများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊မတ္တရာ၊သာစည်၊ပလိပ်၊စဉ့်ကိုင်၊မြစ်သား၊မြို့သာစသည့်မြို့နယ်များရှိ ကြက်ခြံများ မှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလတတိယပတ်အတွင်း မန္တလေးမြို့၊ ချမ်းအေး သာစံံမြို့နယ်၊၃၁ လမ်းဈေး၌ လက်လီရောင်ချလျက်ရှိသော ကြက်သားဈေးနှုန်းမှာ cpကြက်သား (၁) ပိသာကျပ်(၂၃၀၀၀)၊ ရင်အုပ်သားသန့်(၁)ပိသာလျှင် ကျပ်(၂၅၀၀၀)၊ ဟမ်းချိန်း(၁)ပိသာကျပ် (၂၅၀၀၀/၂၆၀၀၀)၊ ဗမာကြက်(၁)ပိသာကျပ်(၃၅၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ကြက်သား များကိုစားသောက်ဆိုင်များ၊ထမင်းဆိုင်များ၊အကင်ဆိုင်များနှင့်မိသားစုများချက်ပြုတ်စားသောက်ရန် ဝယ်ယူကြကြောင်း ကြက်သားရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။    

Doca(မန္တလေး)