Main menu

သရက်မြို့နယ်၌ ဒေသတွင်းထွက်ရှိသော ကွမ်းရွက်များ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ကွမ်းစိုက်ပျိုးခြင်းကို မြင်ဘာခြံ ကျေးရွာ၊ ထုံးတောင်ကျေးရွာ၊ မီးသွေးဖုတ် ကျေးရွာ၊ မြင်ဘာခြံကျေးရွာ စသည့်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးလာကြကြောင်း၊ ကွမ်းကိုလည်းစားသုံးသူများပြားလာပါသဖြင့် အခြားဒေသမှ ဝင်ရောက်လာသော ကွမ်းရွက်များကို သုံးစွဲကျရာမှ ယခုအခါဒေသအတွင်း ထွက်ရှိသောကွမ်းနုဝါမှာ လူကြိုက်များပြီး သုံးစွဲမှုပိုမိုများပြားလာကြောင်း ဈေးကွက်အတွင်းတွင်လည်း အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။

    ကွမ်းရွက်ပင်သည် အေးမြ၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်၍ အပူဒဏ်မခံနိုင်ပါ သဖြင့် မိုးအကုန်ဆောင်းအကူးတွင် ပျိုးပင်များကို အမိုးအကာပြုလုပ်၍ အပင်တစ်ပင်ချင်းစီတွင် ဝါးတိုင်တစ်တိုင်စီ ထောင်၍ စိုက်ပျိုးရသောနွယ်ပင်အမျိုးအစား ဖြစ်ပြီး သူ၏ သက်တမ်းမှာ သုံးနှစ် ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာတွင်စတင်၍ အရွက်များခူး၍ရကြောင်း ပျိုးပင်တစ်ပင်လျှင် ကျပ်(၆၀၀-၇၀၀)ရှိပြီး ပျိုးပင် အပင်(၂၀၀) စိုက်ပျိုးပါက သွင်းအားစုငွေကျပ်လေးသိန်းခန့် ကုန်ကျ ကြောင်း၊ စတင်ခူးဆွတ်သည့် အချိန်မှစ၍ ၁၄ရက်တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်သည့် အချိန်တွင်(၂)ပိဿာမှ (၄)ပိဿာအထိ ခူးဆွတ်ရရှိကြောင်း၊ တစ်နှစ်အတွင်း သွင်းအားစုငွေ ပြန် လည်ရရှိကြောင်း၊ ကျန်နှစ်များတွင် ရေလောင်းပေါင်းသင်ပေးခြင်းဖြင့် ရရှိသော ကုန်ပစ္စည်း၏ တန် ဖိုးသည် အကျိုးအမြတ်များသာဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) အတွင်းတွင် ကွမ်းရွက်အကြီး၊အသေးအလိုက် တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၁၀၀၀၀) ဈေးနှုန်းဖြင့် တဆင့်ဈေးရောင်းချသူများအား ဖောက်သည်ပေး လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အခြား ဒေသမှဝင်ရောက်လာသောကွမ်းရွက်မှာ တစ်ပိဿာလျှင်ကျပ်၁၈၀၀၀-၂၀၀၀၀ဈေးနှုန်းရှိ၍ ဒေသတွင်း ထွက်ရှိသော ကွမ်းရွက်များမှာ သယ်ယူ စရိတ်သက်သာခြင်း အရည်အသွေးကောင်းမွန် ခြင်း၊ ဈေးနှုန်းသက်သာခြင်း တို့ကြောင့် သရက်မြို့မှ ထွက်ရှိသောကွမ်းများကိုသာ စားသုံးသူများပြား လျက်ရှိကြောင်း အခြားဒေသမှ ဝင်ရောက်လာသော ကွမ်းများကို သုံးစွဲမှုနည်းပါးလာကြောင်း ယခင်၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကသိသိသာသာ ပြောင်း လဲခြင်းမရှိသော်လည်း ယခုနှစ်ကွမ်းရွက် ဈေးနှုန်းမှာ သင့်တင့်မျှတလျက်ရှိပါကြောင်း ကွမ်းစိုက် တောင်သူများထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)