Main menu

သရက်မြို့နယ်၌ Online စနစ်ဖြင့် ဈေးရောင်းချနေသူလုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်၊ သံကြိုး လမ်း၊ Online စနစ်ဖြင့် ဈေးရောင်းချနေသူ လုပ်ငန်းရှင်()ဦးအား သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဆွေးနွေးရာတွင် Onlineစနစ်ဖြင့် ဈေးရောင်းချပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ရရှိထားရမည်ဖြစ်ကြောင်း၊ Online စနစ်ဖြင့်  ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှု အဖြစ်သတ်မှတ်ထား သည့် အမိန့်(၅၀/၂၀၂၃)ဖြင့် လည်ကောင်း၊ Onlineစနစ်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် (၅၁/၂၀၂၃)ဖြင့်လည်ကောင်း ထုတ်ပြန်ထားပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံသည့် ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချရန်နှင့် နစ်နာဆုံရှုံးမှုရှိပါက Hot Line နံပါတ်(၁၅၃၅)သို့ ဆက်သွယ်ခေါ်ဆို၍ မေးမြန်းနိုင်ပါကြောင်း  အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)