Main menu

မင်းဘူးမြို့နယ်၊ ကြီးပင်ကန်ကျေးရွာ၌ ဧရာပဒေသာစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကြီးပင်ကန်အုပ်စုရှိ ကြီးပင်ကန်ကျေး ရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး စပါး၊ ကုလားပဲ၊ နှမ်း၊ မြေပဲ စသည့် သီးနှံများကိုရာသီ အလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ကြီးပင်ကန်ကျေးရွာ၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)မှ စတင်ပြီး ဧရာအဒေသာစပါး မျိုးကို တောင်သူ(၇၀)ဦးမှ စိုက်ဧက(၁၈၀)ခန့်စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ၎င်းကျေးရွာနေ တောင်သူ()ဦးက ၎င်းအနေဖြင့် ဧရာပဒေသာစပါးစိုက်ဧက()ဧကခန့် စိုက်ပျိုးခဲ့ကြောင်း၊ ယခင်နှစ်ဧရာပဒေသာ စပါးစိုက်ခင်းမှ စိုက်ပျိုးထွက်ရှိသည့်စပါးစေ့များကို မျိုးအနေဖြင့် ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ပြီး ()ဧကလျှင် မျိုး()တင်းခွဲခန့်ကုန်ကြကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း (၁၃၀)အကြာတွင်ရိတ်သိမ်းရ ကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်အားစုစရိတ်အပါအဝင် ယခင်နှစ်နည်းတူ ကျပ်(၁၅၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်()ဧကလျှင် တင်း(၈၀)ထိ ထွက်ရှိပြီး ()တင်းလျှင် ကျပ်(၃၂၀၀၀)ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ် (၁၀၆၀၀၀၀)ခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ပေါ်ရှိ  ပွဲရုံများသို့ ရောင်းချကြောင်း၊ ယခုအချိန်တွင် ကြီးပင်ကန်ကျေးရွာ၌ ဧရာပဒေသာစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

DOCA(မကွေး)