
ထန်းပင်မြစ်သည် ဆောင်းရာသီနှင့် အင်မတန်လိုက်ဖက်လှပြီး အညာဒေသ၏ မပါမဖြစ် ရာသီစာ အစားအစာတစ်မျိုးဖြစ်သည်။ ထန်းပင်မြစ်ကို မီးဖုတ်ပြီး စားကြသလို ဆီ၊ဆားနှင့်လည်း တို့စားကြသည်။ ထန်းမြစ်ကို မီးဖုတ်စားရင်အနံ့ပိုပြီးမွှေးသောကြောင့် ထန်းမြစ်မီးဖုတ် နှင့် ရေနွေး ကြမ်းက တကယ်ကိုလိုက်ဖက်လှပါသည်။ ထန်းပင်မြစ်ကို ထန်းမြစ်ကြော်စားခြင်း၊ ထန်းမြစ်ပြုတ်စား ခြင်းစသည့်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ထန်းပင်မြစ်သည် သွေး ၊ လေ ၊သည်းခြေ ၊သလိပ်၊ အစာကြေညက်ခြင်းနှင့် ဝမ်းမီးတောက်စေနိုင်ပါသည်။ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်းပါဝင်ပါသည်။ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိသောကြောင့် အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ လည်းကာကွယ်ပေးနိုင်ခြင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်ကိုလျှော့ချပေးနိုင်ခြင်း ၊ ကလေးငယ်များ ရေကျောက်ရောဂါကိုသက်သာစေနိုင်ခြင်း ၊ အဆီနှင့် ပရိုးတိန်းတို့ပါဝင်သောကြောင့် ခန္ဓာကိုယ်ပိန်လှီ သူများစားပေးခြင်းဖြင့် ကိုယ်အလေးချိန်တိုးတက်လာစေနိုင်ခြင်း၊အစာအိမ်နာရှိသူများအတွက်ကောင်း ကျိုးပြုစေနိုင်ခြင်း၊ အင်ဆူလင်ထွက်ရှိမှုကို လှုံဆော်ပေး၍ ဆီးချိုရောဂါများကိုသက်သာစေနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း၊ အမျိုးသမီးများ သားအိမ်အတွက် အားဖြစ်စေနိုင် ခြင်း၊ ကိုယ်ဝန်ဆောင်များ ထန်းပင်မြစ်ကို စားပေးခြင်းဖြင့် မိခင်နှင့်သန္ဓေသား ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ခြင်း၊ ထန်းပင်မြစ်သည် ဆောင်းရာသီတွင်သာ ပေါပေါများများရရှိနိုင်ပြီး ခန္ဓာကိုယ်တွင်း အပူဓာတ်ကိုလျှော့ချပေးနိုင်သည့် ရာသီစာဆေးဖက်ဝင်အစားအစာတစ်မျိုးဖြစ်သည်။ ဆောင်းရာသီရောက်သည့်အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ လည်ချောင်းနာ ၊ ခံတွင်းနာ ၊ သွားဖုံးနာ၊ နှုတ်ခမ်းတွင်ရေယုန်ပေါက်ကာ အပူကန်တတ်ကြသည်။ ထိုသူများက ထန်းပင်မြစ်ကို ပို၍စားသုံးပေးသင့်ကြောင်း ဆေးပညာစာပေများမှလေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
