
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် တည်သီး၊ သင်္ဘောသီးမှည့်နှင့် မက်မန်းသီးများကို အများအပြား ရောင်းချနေကြကြောင်းသိရသည်။ တည်သီးနှင့် မက်မန်းသီးများကို မန္တလေးမြို့ ရှိသစ်သီးပွဲရုံများ မှမှာ ယူရောင်းချလျက်ရှိပြီး သင်္ဘောသီးမှည့်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှမှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့် မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး လူကြီး လူငယ်မရွေးဝယ်ယူစားသုံးကြကြောင်း၊ မက်မန်းသီးများကို အချဉ်ပေါင်းရောင်းသူများက အများ ဆုံးဝယ်ယူကြပြီး သင်္ဘောသီးမှည့်သည်လည်း ကျန်းမာရေးအတွက် အထောက်အကူများစွာပြု သောအသီးဖြစ်သောကြောင့် အဖျော်ရည်ပြုလုပ်၍ကာ သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း တည်သီးဈေးနှုန်းမှာ တည်သီးအကြီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ (၄)လုံးလျှင်(၁၀၀၀၀)ကျပ်၊ တည်သီးအသေး(၁)လုံးလျှင် (၁၇၀၀)ကျပ်၊ (၆)လုံး လျှင်(၁၀၀၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ၊ သင်္ဘောသီးအမှည့် အကြီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
