Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ရွက်လှပန်းပျိုးပင်ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော ရွက်လှပန်းပျိုးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍လည်း ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ရွက်လှပန်းပင်သည်  အပူပိုင်းဒေသများတွင် ပေါက်ရောက်ပြီး အမြဲစိမ်း ပင်တစ်မျိုးဖြစ်ပါသည်။ ရွက်လှပင်သည် မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်သော ခြုံနွယ်ပင်မျိုး ဖြစ်ကြောင်း၊ ရွက်လှပင်သည် အပင်အမျိုးပေါင်း (၃၀၀)ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရွက်လှမျိုး ကွဲပေါင်း(၇၀)ခန့်ရှိကြောင်း သိရှိရပါသည်။

     ရွက်လှပန်းပင်သည် ပန်းပွင့်ကြောင့် မထင်ရှားဘဲ   အရွက်၏လှပခြင်းကြောင့် ရွက်လှပန်းလို့ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ရွက်လှပန်းပင်သည် အရွက်ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိပါသည်။ ရွက်လှပန်းများကို ဘုရားပန်းအဖြစ် အသုံးပြုကြ ကြောင်း၊ ရွက်လှပန်းပင်များကို နေအိမ်ခြံဝင်းများ၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များတွင် အလှ စိုက်ပျိုးရန် အများဆုံးလာရောက် ဝယ်ယူကြကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်းရွက်လှပန်းပျိုးပင် တစ်ပင်လျှင်  အရောင်နှင့်အရွက် ပုံစံအမျိုးအစားပေါ်မူတည်၍ အသေး ()ပင်လျှင်(၃၀၀၀)ကျပ်၊ အကြီး()ပင်လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)