Main menu

ပခုက္ကူမြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ (၁၇)ဦးနှင့် ကျောင်းသား၊ သူ (၂၅၀) ဦး စုစုပေါင်း (၃၆၇) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ အခွင့်အရေးများကို နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေး စင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar ApplicationConsumer Call Center တွင်လည်း တိုင်ကြားနိုင်သည့် အကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သန္တာခင်က စားသုံးသူကာကွယ်ရေး ဥပဒေ၊ အခန်း()ပါ စားသုံးသူများ ရရှိသည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း ဆွေးနွေးပြော ကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)