Main menu

ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက် ၊ အခြေခံပညာမူလတန်းကျောင်း(ခန်တော)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၂.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ အခြေခံပညာမူလတန်း ကျောင်း(ခန်တော)၌ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ () ဦး၊ Grade-5 ကျောင်းသား/သူ (၃၀၅) ဦး၊ စုစုပေါင်း (၃၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦး(ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ယခုဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ် ၊မျှော်မှန်းချက်၊ရည်မှန်းချက်များအကြောင်းကိုလည်းကောင်း၊ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည် က အခန်း(၁၀)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ အငယ်တန်း စာရေး ဒေါ်သန္တာခင်က ဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသား အကြောင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ တိုင်ကြားနိုင်သည့် လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများ အကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် အမေးအဖြေပြုလုပ်၍ ဖြေဆိုနိုင်သူအား ဆုချီးမြှင့်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)