Main menu

ညောင်ဦးမြို့နယ် အောင် ဆန်ရောင်းဝယ်‌ရေး အရောင်းဆိုင်သို့ကွင်းဆင်းခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊‌ ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်းဦးမြို့နယ် မဏိစည်သူဈေးတိုက်တန်းရှိ ဆန်လက်လီ/လက်ကားရောင်းချသော အောင်ဆန် ရောင်းဝယ်‌ရေး အရောင်းဆိုင်သို့ (၁၂-၁၁-၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ အောင်ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်၌ ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၆၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၄၃၀၀၀) ကျပ်၊မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၀၀၀၀) ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ အောင်ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)