Main menu

စျေးကွက်အတွင်းထောပတ်သီးများစျေးအနည်းငယ်ကျ

Powered by Drupal

         တန်ဆောင်းမုန်းလအခါသမယအချိန်တွင် မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်‌ထောပတ်သီးများ ဝင်ရောက်မှု များပြားလျက်ရှိပြီး၊စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း  ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ ထောပတ်သီး ၁လုံးလျှင် အလုံး(ကြီး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၂၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်တို့ ဖြင့် ရောင်းချ လျက်ရှိ ပါသည်။ ထောပတ်သီးအလုံးအရွယ်အစားအပေါ် မူတည်၍စျေးကွာခြားမှုရှိကြောင်း  သိရှိရပါသည်။  တန်ဆောင်းမုန်းလအခါသမယဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့် အချိန်ဖြစ်၍ သစ်သီးမျိူးစုံ စျေး ကွက်တွင် ထောပတ်သီးမှာ  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)