
၂၀၂၅ ခုနှစ် မိုးအကုန်ဆောင်းအကူ နိုဝင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့အတွင်း ရှမ်း ပြည်နယ်ဘက်မှ သစ်သီးဝလံများအဝင်များ၍ ယာကွန်းဥ(ခေါ်)ရေကန်စွန်းဥဈေးနှုန်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယာကွန်းဥ၏ပုံသဏ္ဍာန်မှာ ကန်စွန်းဥနဲ့တူသော်လည်း ရိုးရိုးကန်စွန်းဥများကဲ့သို့ ပြုတ်စားစရာမလိုဘဲ အခွံခွာပြီးအစိမ်း စားရသော ဥတစ်မျိုးဖြစ်သည်။ ယာကွန်းဥသည် ပဲစိမ်းစားဥနှင့် အရ သာဆင်ပြီး အရည်ရွမ်းကာ ချိုသောအရသာရှိသောကြောင်း သိရသည်။ အရည်ရွမ်းသည့် အသီးဖြစ်သည့်အတွက်ကြောင့် ယခုလိုဆောင်းရာသီနှင့် လိုက်ဖက်ကာ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုသည်။ကရင်ပြည်နယ် ဘားအံမြို့ပေါ်ဈေးများအတွက် ယာကွန်းဥဈေးနှုန်းမှာ ယာကွန်းဥအကြီး တစ်ကီလိုလျှင်(၁၀၀၀၀)ကျပ်၊ ယာကွန်းဥအသေး တစ်ကီလိုလျှင် (၈၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(ကရင်)
