Main menu

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး၌ ၁၂-၁၁-၂၀၂၅ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီ မှ ညနေ(၁၆:၀၀)နာရီအချိန်ထိ “စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၅)ပါ ၇၄ မှ ၈၄  နှင့်ပတ်သက်၍ ပို့ချသည့်သင်တန်း” ခေါင်းစဉ်ဖြင့် ဝန်ထမ်းများ သိရှိထားသင့်သည့် အချက်များအား သင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရှိရသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) က သင်တန်းပို့ချရာတွင် အခန်း(၂၀)ပါပုဒ်မ ၅၃ အရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ် ခြင်းခံရစေကာမှု ယင်းအမိန့်ကို လိုက်နာမှုမရှိပါက ဦးစီးဌာနမှ ၎င်းအား ပြစ်မှုကြောင်းအရ တရားစွဲ ဆိုနိုင်သလို နစ်နာဆုံးရှုံးသည့် စားသုံးသူမှလည်း ယင်းနစ်နာဆုံးရှုံးမှုအတွက် ထိုသူအား တရားမဝင်ကြောင်းအရလည်း တရားစွဲဆိုနိုင်ပါကြောင်းနှင့် အခန်း(၂၅)ပါ ပုဒ်မ- ၇၄ မှ ၈၄ ပါအကြောင်းအရာများနှင့် ပတ်သက်၍ (၄၅)မိနစ်ကြာ သင်တန်းပို့ချချိန်(၃)ချိန် အကျယ်တဝင့်ရှင်းလင်းပို့ချခဲ့ရာ သင်တန်းသား၊သင်တန်းသူ ဝန်ထမ်းများမှ ပြန်လှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ အရာထမ်း(၂)ဦး၊ အမှုထမ်း(၉)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)