Main menu

ဈေးကွက်အတွင်း  ခရမ်းချဉ်သီး ဈေးနှုန်း မြင့်တက်

Powered by Drupal

    ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ   ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင်  ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  နိုဝင်ဘာလ ဒုတိယပတ် တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃၂၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၈၀၀ကျပ် ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။

     ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာရခြင်းမှာ ဒေသတွင်းမှ စိုက်ပျိုးသော  ခရမ်းချဉ်သီး အဝင်နည်းပါးလာပြီး တောင်ကြီး၊ အင်းလေး ၊ညောင်ရွှေ စသည့် မြို့များမှ တစ်ဆင့် မှာယူရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူစရိတ်များ များပြားသောကြောင့် ဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ပွဲရုံများမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)