Main menu

ညောင်ဦးမြို့ မီးသတ်ဦးစီးဌာနတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို နယ်ပယ်အစုံသို့ နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ အများပြည်သူများအပြင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးသို့လည်း အသိပညာပေးလျက်ရှိရာ ၂၈.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်ဦးခရိုင်တာဝန်ခံသည် ညောင်ဦးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာ စိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက် ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ ဖော်ပြပါဝင်သောကုန်စည်နှင့် သက်ဆိုင်သည့်ကုန်အညွှန်းအမှတ် အသားများအတိုင်း စနစ်တကျလိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်ဖြင့် အသိပညာဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ အရာထမ်း၊ အမှုထမ်း(၂၀)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)