Main menu

စျေးပိုမိုရရှိသည့်  မန္တလေးစားတော်ပဲ

Powered by Drupal

          စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊မိုးကုတ်၊တကောင်း၊စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ် အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)    ၃၅၀၀၀၀ ကျပ် နှင့် ၄၄၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၈၈၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၉၀၇ ကျပ်နှင့်၇၄၂၆ကျပ်၊စားတော်ပဲ(ကျွန်း)၁၄၈၅၂ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ် ကာလတူ တစ်ပိဿာပေါက်စေျးမှာ စားတော်ပဲ (ကနေဒါ)၉၁၁၄ကျပ်နှင့်၉၁၉၈ ကျပ်၊စားတော်ပဲ(ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၇၅၁ကျပ်၊ စားတော်ပဲ(ယူကရိန်း)၈၆၀၈ကျပ် ဖြစ်ပြီး၊ ယခုနှစ် နှင့်ယခင်နှစ် ကာလတူစျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် စားတော်ပဲ (ကျွန်း) ၈၁၀၁ကျပ်တို့စျေး ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)