Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီကြိတ်ခွဲထုတ်လုပ်မှု၊ ဆီနှင့်ဆီကြိတ်ဖက် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီကြိတ်ခွဲထုတ်လုပ်မှုများ ပုံမှန်ရှိနေပြီး၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့မှ မြေပဲဆီဝင်ရောက်မှုရှိနေသည်ကို တွေ့ရပါသည်။ မြေပဲဆံ ‌ဈေးနှုန်းမြင့်တက်မှုရှိခဲ့ပြီးနှမ်းဈေးနှုန်းတည်ငြိမ်မှုရှိနေပါသည်။မန္တလေးဈေးကွက်သို့ မြေပဲဆံတင်ပို့မှု လျော့ကျနေသဖြင့် ဒေသတွင်းကြိတ်ခွဲထုတ်လုပ်မှု ပမာဏလျော့ကျခဲ့ခြင်းမရှိ၊ ဈေးကွက်လိုအပ် ချက်အား ပြည့်ဝစွာဖြည့်ဆည်းနိုင်သည့်အနေအထားတွင်ရှိနေပါသည်။ မြေပဲဆံဈေးနှုန်းမြင့်တက်မှု ရှိခဲ့သော်လည်း ဆီကြိတ်ဖတ်ဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် မြေပဲဆီဈေးနှုန်းမြင့်တက်မှု မရှိခဲ့ပါ။ မြေပဲဆီ (16500) ကျပ်၊ နှမ်းဆီ (17000) ကျပ်၊ နေကြာဆီ (18600) ကျပ်ရှိနေပါသည်။

        ဆီကြိတ်ဖတ်တင်ပို့မှုတွင် မန္တလေးနှင့်တောင်ငူမြို့များသို့ တင်ပို့မှုရှိခဲ့ပြီး၊ ဈေးနှုန်းမြင့်တက်မှု ရှိခဲ့ပါသည်။ မြေပဲဖတ် (6200) ကျပ်၊ နှမ်းဖတ်(3800) ကျပ်၊ နေကြာဖတ် (2100) ကျပ် ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပါသည်။နှမ်းနီဈေးနှုန်းမှာ ယခင်လ (၆၆၀၀)ကျပ်မှ ယခုလ (၆၆၅၀)ကျပ်သို့လည်းကောင်း၊ မြေပဲဆံ(လုံးဆံ) ဈေးနှုန်းမှာ ယခင်လ (၇၈၀၀)ကျပ်မှ ယခုလ(၈၄၀၀)ကျပ်သို့လည်းကောင်း၊ မြေပဲ(ဆီဆံ) ဈေးနှုန်းမှာ ယခင်လ(၆၈၀၀)ကျပ်မှ ယခုလ(၇၂၀၀) ကျပ်သို့လည်းကောင်း မြင့်တက်သွားပြီး နှမ်း(နက်) ဈေးနှုန်းမှာ ယခင်လဈေးနှုန်းမှာ(၁၆၀၀၀)ကျပ်မှ ယခုလဈေးနှုန်း(၁၆၀၀၀) ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

       DOCA(ပြည်ထောင်စုနယ်မြေ)