
ဆီးဖြူသီးသည် မြန်မာနိုင်ငံတွင် သဘာဝအလျှောက်ပေါက်ရောက်သည့် အပင်လည်း ဖြစ်သလို စိုက်ပျိုးသည့်အပင်အဖြစ်လည်း တွေ့ကြရပါသည်။ဆီးဖြူသီးမှာ အပင်ရှိကိုင်းတလျှောက် လုံးတွင် အဖူးအပွင့်များပွင့်ကြပြီး အသီးမှာ အစိမ်းဖျော့ရောင်ရှိပြီး အစေ့မှာ အစိမ်းရင့်ရောင် ရှိသောအသီးတစ်မျိုးဖြစ်ပါသည်။ မြန်မာလူမျိုးအများစုသည် ဆီးဖြူသီးအလုံးလေးများကို မီးဖုတ်၍ ထောင်းစားကြသလို အလုံးလိုက်အားဆားရည်စိမ်၍ အတို့အမြုပ်အဖြစ်လည်းစားသုံးကြပါကြောင်း၊ ဆီးဖြူသီးအား ငပိ၊ခရမ်းချဉ်သီးတို့နှင့်ရော၍ ဆီးဖြူသီးငပိချက်အဖြစ်လည်းချက်ပြုတ်စားသုံးကြ ကြောင်း၊သီးစုံအချဉ်ပေါင်းပြုလုပ်ရာတွင်လည်း ဆီးဖြူသီးအားထည့်၍အသုံးပြုကြပါကြောင်းသိရှိရ ပါသည်။ဆီးဖြူသီးတွင် အဟာရဓါတ်များစွာပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတိုးရောဂါများမဖြစ်အောင် ကာကွယ်ပေးကြောင်း ဆေးပညာဗဟုသုတများအရ သိရှိရပါသည်။ ယခုအချိန်တွင် ဆီးဖြူသီးများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေး နှင့်မြို့မစျေးတို့တွင် ဆီးဖြူသီး နို့ဆီဗူး(၁)ဗူးလျှင်(၅၀၀/-)ကျပ် နှင့် (၁)ပြည်လျှင် (၃၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆီးဖြူသီးရောင်းချသည့် စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
