Main menu

ပေါင်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

Powered by Drupal

      ၁၅.၁၁.၂၀၂၅ ရက်နေ့တွင်    မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာ ရုံးများတွင်  မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် ရုံးများ၌ မီးသုံးစွဲမှုများ စနစ်တကျဆောင်ရွက်ကြရန်နှင့် မီးအသုံးပြုစဉ် လူစောင့်ရှိရေး၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေး၊ ရုံးတွင် လူမရှိချိန်၌ မိန်းခလုပ်များ ချထားရေး၊ မီးလောင်မှုဖြစ်ပွားပါက မိမိရုံးရှိ မီးငြှိမ်းသတ်နိုင်သော ပစ္စည်းများဖြင့် ကနဦး မီးငြှိမ်းသတ်ပြီး မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားကြရန် အသိပညာပေး၍ ပညာပေးလက်ကမ်းစာစောင်ဝေငှပြီး အရေးပေါ်ဖုန်းနံပါတ်ပါသော မီးသတိပြုစာတမ်းပါ ကြော်ငြာစာရွက်ကို အဆောက်အဦများတွင် ပညာပေးကပ်ပေးကြသည်။ ပြည်သူများ မီးဘေး အန္တရာယ်ကင်းဝေးစေရေးစစ်ဆေးပညာပေးခြင်းကို မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်း‌ဇော်၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန် ရှိသူများဖြင့် စစ်ဆေးခဲ့ကြကာ  မီးဘေးလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန် ပညာပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

  DOCA (မွန်)