Main menu

ပေါင်မြို့နယ်၌ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စက်သုံးဆီများ ဖြန့်ဖြူး ရောင်းချနေသည့် ဆိုင်များအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ ဥက္ကဌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍   ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီစျေးနှုန်း အတတ်အကျပေါ်မူတည်၍ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချရေး၊ စက်သုံးဆီများအား ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် စက်သုံး ဆီဆိုင် လုပ်ငန်းရှင်များအား မှာကြားခဲ့သည်။ ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်(၂၈)ဆိုင်တွင် နေ့စဥ်ပုံမှန် ဖွင့်လှစ်ပေးလျက်ရှိပြီး ဒေသခံပြည်သူများအတွက် စက်သုံးဆီများပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရ အဖွဲ့မှလည်း လိုအပ်သည့် အကူအညီ များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

DOCA (မွန်)