Main menu

 မန္တလေးစျေးကွက်တွင်ငရုတ်သီးစိမ်းစျေးငြိမ်လျက်ရှိ

Powered by Drupal

                 မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင် တို့မှထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့် ငရုတ်ပွနှင့် ငရုတ်သီးစိမ်းများစျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိပြီး၊ စျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်း မှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုး ငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေး များအား အလုံးအရွယ်အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ် ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)