Main menu

မအူပင်မြို့နယ် အင်းများမှ ထွက်ရှိသော ငါးရံ့ံ့ားကို ငါးခြောက်လှမ်း၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အောက်ဟိတ်‌ကျေးရွာဘက်မှ ငါးရံခြောက် များ ထွက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မအူပင်မြို့နယ် အခွန်လွတ်ဈေးတွင် ငါးရံ့ခြောက် ကိုယ်တိုင်ပြုလုပ်ရောင်းချသူမှ လာရောက်ရောင်းချလျက်ရှိပြီး၊ ထွက်ရှိသော ငါးရံ့များမှာ အင်း အိုင်များမှ ငါးရံများဖြစ်ကြောင်း၊ ငါးရံခြောက်ကို နိုဝင်ဘာလ ၁၀ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်းရောင်းချနေကြောင်း ငါးရံ့ခြောက် ၁ပိဿာလျှင် အကောင်သေး ၆၀၀၀ကျပ်၊ အကောင်လတ် ၁ပိဿာ ၇၀၀၀ကျပ်၊ ၈၀၀၀ကျပ်၊ အကောင်ကြီး ၁၂၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးရံ့များ ပိုမိုထွက်ရှိလာပါက ဈေးနှုန်း အနည်းငယ် ကျမည်ဖြစ်ကြောင်း၊ ယခင်နှစ် ဈေးအနေဖြင့်လည်း ယခုဈေးအတိုင်းသာ ရောင်းချကြောင်း ဈေးနှုန်းကြီးမြင့်လာမှုမရှိပဲ ငါးရံ့ဈေးပေါ်မူတည်၍ ဈေးနှုန်း ပြောင်းလဲ လာနိုင်ကြောင်းကို ငါးရံ့ခြောက်ထုတ်လုပ်ရောင်းချသူ ဒေါ်ခင်ဝိုင်းထံမှ သိရသည်။ ငါးရံ့ ခွဲထုတ်လုပ်သူမှ ၎င်း၏ လုပ်ငန်းသို့ လာရောက်လေ့လာနိုင်ကြောင်း ရှင်းလင်းပြောပြခဲ့ပါသည်။

DOCA(ဧရာဝတီ)