Main menu

ညောင်ဦးတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်ထည်ဖော်ဆောင်ရေး ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်း၍စိမ်း လန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအခြေအနေများအား သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်၊ အညွှန်းကိန်း(၁၇)ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုတို့အား ခရိုင်အဆင့်လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ပါသည်။

          အဆိုပါခရိုင်အဆင့် မြေပြင်ကွင်းဆင်းလုပ်ငန်းအဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)ဝန်းအတွင်း ကျောင်းသား/ ကျောင်းသူများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် သစ်ပင်ပန်းမံများ၊ ကလေးကစားကွင်းဆောင်ရွက်ထားရှိမှု၊ အရိပ်ရသစ်ပင်များစိုက်ပျိုးထားရှိမှု၊ ကားတာယာကွင်းအဟောင်းများ အသုံးပြုကာ ကျောင်းပတ်ဝန်းကျင် သာယာလှပစေရေး ဆောင်ရွက်ထားရှိမှု၊ သစ်ခွမျိုးစုံစိုက်ပျိုးထားရှိမှု၊ စက္ကူအသုံးပြုရုပ်ပုံဖန်တီးထားရှိမှုနှင့်ချည်လုံး၊ ချည်ထိုးကာ သစ်ပင်ပုံဖန်တီးထားရှိမှုတို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)