
မန္တလေးတိုင်းဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငရုတ်သီးခြောက်စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၁ တင်း၊ထွက်ရှိမှု ၂၇၆၄၉၄၁၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ငရုတ်ခြောက်တစ်ပိဿာ လျှင် လက္ကားစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/- ၊လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၅၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး ငရုတ်သီး(အကြမ်းမှုန့်) ၁၅၀၀ဝိ/-၊ အရောင်တင်မှုန့်(အနုမှုန့်) ၁၆၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ငရုတ်သီးခြောက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်း ယှဉ်ပါက စျေးငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
