Main menu

 နိုဝင်ဘာလဒုတိယပတ်ရှိမန္တလေးပဲကြားစျေး

Powered by Drupal

       မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောပဲကြားပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်၄၃၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ၇၆၄၄ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်အောက်တိုဘာ လကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၈၈၉ကျပ်နှင့် ၄၉၄၂ကျပ်၊ ယခင်လနှင့်ယခုလ စျေးနှုန်း နှိုင်းယှဉ် ပါက မန္တလေးပဲကြားစျေးမှာ ပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)