Main menu

“ဗမာခရမ်းချဉ်သီးများဈေးကောင်းရလျက်ရှိ”

Powered by Drupal

   ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာ အချို့တွင်လည်း ဗမာခရမ်းချဉ်သီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည် မြို့နယ်အတွင်းရှိ မြို့မဈေး နှင့် အေးမြကြည်လင်ဈေးတို့တွင် ရောင်းချသည့် ဟင်းသီးဟင်းရွက် အများစုမှာ မြို့နယ်အတွင်းကျေးရွာများ နှင့် ရွာငံဒေသမှ လာရောက် တင်သွင်း ရောင်းချခြင်း များဖြစ်ပြီး ခရမ်းချဉ်သီး၊ မုန်လာဉ၊ ချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ငရုပ်သီး၊ အာလူး၊ကြက်သွန်၊ဗူးသီး၊ဂေါ်ဖီထုပ်နှင့်ဘုရားပန်းများလာရောက်ရောင်းချလျှက်ရှိပါသည်။ ယခင်နှစ် ခရမ်းချဉ်သီးစိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့်အတွက် စိုက်သူများလာသဖြင့် ခရမ်းချဉ်သီး ထွက်နှုန်းများ ကျဆင်းပြီး ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတကာ ခရမ်းချဉ်သီး ဈေးကွက် ဆက်တိုက် ဈေးတက်လျက်ရှိကြောင်း ၊ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ဗမာ ခရမ်းချဉ်သီး ဈေးနှုန်းမှာ(၁)ပိဿာလျှင်လက်ကားဈေး(၄၀၀၀)ကျပ်ရောင်းချပြီး ၊လက်လီဈေးအနေဖြင့်(၁)ပိဿာ လျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ကုန်စိမ်းရောင်းချသည့်ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA( မန္တလေး)