
နွားထိုးကြီးမြို့နယ်၌ ထောပတ်ပဲမိုးကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ ခုနှစ်တွင် ထောပတ်ပဲ(မိုး) စီမံကိန်းဧက(၁၈၆၉၉)လျာထားချက်တွင် စိုက်ပျိုးပြီးဧက (၁၃၂၆၉) စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား လျာထားချက်ပြည့်မီအောင် ဆက်လက် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ထောပတ်ပဲ(မိုး) သီးနှံကို ပြရာချောင်းကျေးရွာ၊ ပဲကြီးခင်းရွာ၊ လက်ဝဲ၊ မြင်းနီနှင့် မာန်လည်ရွာတို့တွင်စိုက်ပျိုးထားကြောင်း၊ထောပတ်ပဲကို ပင်ထောင်နှင့် ပင်ပြန့်ဟူ၍ နှစ်မျိုးရှိ၍ ပင်ထောင်ပဲသည် အစေ့ကြီးပြီး ပင်ပြန့်ပဲသည် အစေ့ငယ်ကြောင်း၊ မြင်းခြံမြို့နယ်တွင် ပင်ပြန့်ပဲများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ပင်ပြန့်မျိုးသည် စိုက်ပျိုးပြီး ရက်ပေါင်း(၆၅)ရက် ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ပင်ထောင် မျိုးသည် စိုက်ပျိုးပြီးရက်ပေါင်း(၈၀-၁၀၀)ခန့်အကြာ တွင် ခူးဆွတ်နိုင်ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၆-၇)တင်းခန့်ထွက် ရှိခဲ့ကြောင်း၊ အပင်ပြုစုမှု၊ သွင်းအားစုနှင့် စိုက်ခင်းသို့ တစ်ပတ်လျှင်တစ်ကြိမ် ရေသွင်းပြုစုပါက ယခင်နှစ်ထက် အထွက်နှုန်း ကောင်းနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
