Main menu

နွားထိုးကြီးမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊မိုးနေကြာစိုက်ပျိုးထားရှိမှု

Powered by Drupal

   နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီး သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရှိ ရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။ မိုးနေ ကြာကို တစ်မြို့နယ်လုံးအနေဖြင့် လျာထားဧက (၃၀၅၅)ဧကရှိသည့်အနက် ယခုအောက်တို ဘာလ တတိယပတ်အထိစိုက်ဧက (၂၉၇၀) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ နိုဝင်ဘာလ ကုန်တွင် လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့် (၂၃) တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၆၅၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုး မှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာ စိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)