Main menu

  နိုဝင်ဘာလဒုတိယပတ်ပဲတီစိမ်းစျေးပိုမိုရရှိ 

Powered by Drupal

    ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့ တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ် သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၅၈၆၇ကျပ်နှင့်၆၂၂၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၄၀၈၉ ကျပ်နှင့် ၄၇၁၁ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၃၂၈၉ ကျပ်နှင့် ၃၅၅၅ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာ တစ်ပိဿာလျှင် ၁၅၁၁ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)