Main menu

မန္တလေးစျေးကွက်တွင်အစေ့ထုတ်ပြောင်းစျေးအနည်းငယ်ကျ

Powered by Drupal

             ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅ တင်း၊အထွက်တင်းစုစုပေါင်း  ၆၆၀၅၉၁တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၇၀၀၀၀ ကျပ် နှင့် ၇၁၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ)၁၂၉၆ကျပ်နှင့်၁၃၁၅ကျပ်စျေးတို့ ဖြစ်ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့် (စီပီ) ၁၄၇၁ ကျပ်နှင့် ၁၄၁၇ကျပ်၊ ပြောင်းဖူးစေ့(ဗမာ)၁၃၇၀ကျပ်နှင့် ၁၃၈၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)