
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ဈေးကွက်အတွင်း ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူ အား လတ်ခြား၊ ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅၊ ထူးလွန် လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား၊ ထူး-၁၊ ထူး-၂ ကိုဆိုရင် ဒေသတွင်းမှာ အရောင်းအဝယ် လုပ်ပြီး နိုဝင်ဘာလဒုတိယပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ် ၇၀၀၊ (ထူး-၁) ကျပ် ၁၀၀၀၊ (ထူး-၂) ကျပ် ၁၃၀၀၊ (ထူး-၃) ကျပ် ၁၈၀၀၊ (ထူး-၄) ကျပ် ၂၅၀၀၊ (ထူး-၅) ကျပ် ၃၅၀၀၊ (ထူးလွန်) ကျပ် ၄၅၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပွဲရုံဈေးမှာ (လတ်ခြား) ကျပ် ၁၀၀၀၊ (ထူး-၁) ကျပ် ၁၃၀၀၊ (ထူး-၂) ကျပ် ၁၆၀၀၊ (ထူး-၃) ကျပ် ၂၀၀၀၊ (ထူး-၄) ကျပ် ၂၈၀၀၊ (ထူး-၅) ကျပ် ၄၀၀၀၊ (ထူးလွန်) ကျပ် ၅၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ထွက်ရှိသော ရှမ်းကြက်သွန်ဖြူကို အောင်ပန်းမြို့မှ တစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြန်မာပြည်အနှံ့အပြားတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်း ရရှိပါသည်။
DOCA(ရှမ်း)
