Main menu

ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲတော်

Powered by Drupal

            ၂၀၂၅ခုနှစ်၊ဟိုပုံးမြို့တန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားအား၁၀-၁၁-၂၀၂၅ခုနှစ်၊ ည(၅:၄၅)  မိနစ်အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရား ကြီးရင်ပြင်တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခွန်ရဲသွေးနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားအထိမ်း အမှတ်ဖြင့် မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးကလေးများအား တပြိုင်နက်တည်း လွှတ်တင်၍ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

          ဟိုပုံးတန်ဆောင်တိုင်ပွဲတော်တွင် ယမ်းမီးကျည်မီးပုံးပျံများ၊ စိန်နားပန်အလှပြမီးပုံးများဖြင့် ပြိုင်ပွဲအဖြစ် လွှတ်တင်ခြင်း၊ ဘုရားမီးပဒေသာပူဇော်ခြင်း၊ မီးပုံးပျံပွဲ ကျင်းပရာ သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးအား မီးစကြာများဖြင့် လှည့်လည်ပူဇော်ခြင်းများကို ကျင်းပပြုလုပ်ပြီး ဟိုပုံးမြို့တန်ဆောင်တိုင်ပွဲအား (၁၀-၁၁-၂၀၂၅)ရက်နေ့မှ (၁၄-၁၁-၂၀၂၅)ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)