Main menu

ယာကွန်ဥ(ခေါ်) ရေကန်စွန်းဥ

Powered by Drupal

         ယာကွန်ဥ(ခေါ်) ရေကန်စွန်းဥသည် မိုးအကုန်ဆောင်းအကူးတွင် ထွက်ရှိသော ရှမ်းပြည်ဒေသထွက် ပေါ်ဦးပေါ်ဖျား ရာသီစာဖြစ်သည်။ ယာကွန်ဥသည် အစေ့လွတ်ဖြစ်ပြီး အခွံခွာ၍ အစိမ်းစားရသော ဥတမျိုးဖြစ်သည်။ ယာကွန်ဥသည် စိမ်းစားဥကဲ့သို့ အရည်ရွှမ်းပြီး ချိုသောအရသာရှိသောကြောင့် ရေဓာတ်အပြည့်ပါဝင်ကာ ရေငတ်ပြေစေပါသည်။

          အစာလည်းဆေး၊ ဆေးလည်းအစာဟူသော စကားကဲ့သို့ပင် ယာကွန်ဥသည် ဆီးဝမ်းမှန်စေခြင်း၊ အမျှင်ဓာတ်ပါ၍ အူမကြီးကင်ဆာဖြစ်စေခြင်းစသော ရောဂါများကို ကာကွယ်ပေးပါသည်။ တောင်ကြီးဈေးကွက်တွင် ယာကွန်ဥတစ်ပိဿာလျှင် ဥကြီး/ဥလတ်အပါ (၇၀၀၀)မှ (၈၀၀၀)အထိ ဈေးနှုန်းရှိပြီး ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ကာ လူအများနှစ်ခြိုက်စွာ စားသုံးကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)